အဖိတ်နေ့
သီတင်းကျွတ်လတွင် ဗုဒ္ဓမြတ်စွာဘုရားသည် နတ်ပြည်တွင်နတ်သားဖြစ်နေသော မယ်တော်အားသွားရောက် ကျေးဇူးဆပ် တရားဟောခဲ့သည်ကို အကြောင်းပြု၍ မီးများထွန်းညှိကာ နတ်ပြည်၌ရှိခဲ့သော ဘုရားရှင်အား ပူဇော်သောအားဖြင့် မီးထွန်းပွဲသဘင်ကို နှစ်စဥ်ဆင်ယင်ကျင်းပခြင်းဖြစ်သည်။
အဖိတ်နေ့ ညချမ်း၌ဗုဒ္ဓမြတ်စွာဘုရားအား ပူဇော်ရန် ပန်းအမွှေးနံ့သာငှက်ပျောပွဲအုန်းပွဲတို့ဖြင့် ဆီမီးကပ်လျူကြသည်။
ကလေးများမှာ မီးရှူးမီးပန်းများ ပစ်ဖောက်ဆော့ကစားလေ့ရှိကြပြီး လူကြီးများမှာမူ မီးပုံးပျံများပစ်လွှတ်ခြင်း ဆီမီးပူဇော်ခြင်းများဖြင့် မြတ်စွာဘုရားရှင်အား ပူဇော်လေ့ရှိကြသည်။
သီတင်းကျွတ်အခါသမယတွင် ရပ်ဝေးတွင်သွားရောက်အလုပ်လုပ်ကိုင်နေသောသူများမှာ မိဘဘိုးဘွားများရှိရာသို့ ပြန်လာ၍ ကျေးဇူးဆပ်ပူဇော်ကန်တော့ခြင်းများ ပြုလုပ်ကြသောကာလလည်းဖြစ်သည်။ ကြီးစဥ်ငယ်လိုက် ကန်တော့ခံကြရသည်။ ခွင့်လွှတ်ခြင်း ကျေးဇူးဆပ်ခြင်းတို့နှင့် ထုံမွှမ်းထားသော ချစ်စရာ လမြတ်အခါသမယဖြစ်သည်။
Ref: wikipedia
waiyumtun