အင်တာနက်ပေါ်မှာ စာတွေ မှတ်တမ်းပြုတာကို ငွေးတွေအများကြီးဝင်နေမယ်လို့ မှတ်ယူနေသူတွေ ရှိလိမ့်မယ်။မမြန်မာနိင်ငံသားတစ်ဦးအနေနဲ့ Substack မီဒီယာကို အသုံးပြုနိုင်ခွင့်မှတစ်ပါး နိင်ငံ့တစ်ကာ ငွေကြေးစီးဆင်းမှုများ မရှိပါ။ ဒါဆို ဘာကြောင့် စာတွေရေးနေတာလဲ ဆိုတဲ့ မေးခွန်းရှိနေလိမ့်မယ်။ ကျနော့်အတွက် “ရိုးသားမှုက တန်ဖိုးဖြတ်မရဘူး။” လို့ သာ ရေးလိုပါတယ်။
ယနေ့ခေတ်ကာလ ဆိုရင်တော့ အနီရောင်နယ်မြေ၊ လိမ္မော်ရောင် နယ်မြေ၊ အနက်ရောင်နယ်မြေ တစ်ခုခုတော့ သတ်မှတ်ထားပါလိမ့်မယ်။ကျနော်က အရောင်အသွေးတွေကို နားမလည်ပါ။ အချိန်တွေက မှတ်တမ်းကျန်ရစ်သမျှ ကြိုတင်စီစဥ်ထားတာမဟုတ်ရင် ဗုဒ္ဓအယူအရ “ကံ” စီမံတာဖြစ်ပါလိမ့်မယ်။
ကျနော်က “ကံ” ကို အယုံအကြည်ရှိတဲ့သူမဟုတ်။ ဘုရားဟောတရားတော် တွေ နာကြားဖူးပါက “ကံ” ကိုမယုံကြည်သူတွေဟာ ဗုဒ္ဓကို နက်နက်ရှိုင်းရှိုင်း ယုံကြည်ကိုယ်းကွယ်သူမဟုတ်ပေဘူးလို့ မှတ်ယူကြပါလိမ့်မယ်။ကျနော့် ငယ်ဘဝမှာ မနက်စာသင်ကျောင်းတက်ချိန်မှစပြီး ညအိပ်ရာဝင်ချိန်အထိ ဗုဒ္ဓကို ရှိခိုးပူဇော်ပြီးမှ အိပ်ရာဝင်ရပါတယ်။ဗုဒ္ဓအယူအရ ကျနော်သည် “ကံ” မကောင်းသူ တစ်ယောက်ဖြစ်လိမ့်မယ်။ဘဝအဆက်ဆက်က မကောင်းမှုများများလာသူ တစ်ဦးလဲ ဖြစ်ကောင်းဖြစ်မယ်။ သို့မဟုတ် ပါက အမှောင်ပယောဂ အနှောက်အယှက်တွေကို အကာအကွယ်မပြုနိုင်လောက်အောင် နိမ့်ကျသူတစ်ဦး ဖြစ်ပေလိမ့်မယ်။
လမ်းမကြီးက တိတ်ဆိတ်ပြီး ခြောက်ကပ်နေတယ်။ဝါရုံတောတွေက လေယူရာယိမ်းထိုးနေသလို “ကျလိ…ကျလိ... ရှပ်..ရှပ်” တစ်ရှပ်ရှပ်ဖြင့် သံစုံတေးက သာသာယာယာ ရှိတယ်။အလုပ်ရှင်က အရောက်လာဖို့ ပေးထားတဲ့ လိပ်စာလေးကို ထုတ်ကြည့်ရင်း တေးဆိုနေတဲ့ငှက်တို့က ခြေလှမ်းတွေကို ခွန်အားတ်ိုးစေတယ်။လေအဝှေ့မှာ တစ်လိပ်လိပ်တက်သွားတဲ့ ဖုံလုံးတွေကြား ကျတော်တစ်ယောက်တည်း လမ်းမပေါ် လျှောက်နေဆဲ။ခြောက်ကပ် တိတ်ဆိတ်တဲ့ လမ်းမကြီးပေါ်မှာ အဝတ်အစားထည့်ထားတဲ့ ကျောပိုးအိတ်လေးတစ်လုံးနဲ့ ကတ္တီပါ သရေဖိနှပ်က အဖော်ကောင်းပါပဲ။ နေ့တစ်ဝက်ကျိုး ခေါင်းပေါ်နေရောင်ထိုးချိန် အထိ လူနေအိမ်တစ်လုံးမှ မမြင်တွေ့ရသေးပေ။ ဝါးဆယ်ပြန်အကွာအဝေး လျှောက်မိကာမှ လမ်းနှစ်ခွ ကို လှမ်းမြင်ရသည်။ လက်ပတ်နာရီကို တစ်ချက်ကြည့်ပြီး ရှေ့ဆက်ရမယ့်ခရီးအတွက် ရင်လေးမိသွားသည်။အသိမိတ်ဆွေမရှိ။ ဖုန်းအဆက်အသွယ်ခေါ်တော့ လုပ်ငန်းဝင်နေချိန်ကြောင့် ဖုန်းမကိုင်ပေ။တောတောင်တွေက နေဝင်ချိန်စောသည်။အအေးဓာတ်လွန်ကဲသည်။ မကြာခင် နေဝင်ချိန် ရောက်တော့မယ်။ လမ်းနှစ်ခွမှာ ဘယ်လမ်းကိုရွေးရမယ်မသိ။ မေးမြန်းနိုင်မည့် အိမ်ရာ တဲငယ် လူအရိပ်အရောင်ပင် မတွေ့ရပေ။ကျနော့် ကံ က အဆိုးထဲက အကောင်းဟု မှတ်တအ်းပြုပါတယ်။မျက်နှာချင်းဆိုင်လမ်းမဖက်မှ လူကြီးတစ်ဦး ဆိုင်ကယ်စီးလာသည်။
ကျွနုပ် လွန်စွာ ဝမ်းမြောက်သွားမိတယ်။မရှက်မကြောက်နိုင် ဆိုင်ကယ်ကိုလှမ်းတား လိုက်သည်။ဆိုင်ကယ်က ကျနော့်ဘေးမှာ ထိုးရပ်သွားသည်။ကျွန်တော်သွားမယ့် လိမ်စာကို ပြလိုက်ပြီး ဘယ်လမ်းကသွားရမလဲ။ခရီးဘယ်လောက်ကြာနိုင်မလဲ။ မေးခွန်းများစွာ ထူသွားမိသည်။
““မင်းအလုပ်ဆီရောက်ဖို့ လမ်းလျှောက်သွားရင် တစ်ညအ်ိပ်ပြီး မနက်မှရောက်မယ်။”
စိတ်ဓာတ်တွေ ဝုန်းဝန်းဒိုင်းဒိုင်း ဖြစ်လာသည်။သို့သော်ကျနော့်မှာ အခြားရွေးချယ်စရာမရှိ။ ဆိုင်ကယ်စီးလာတဲ့ လူကြီးလမ်းညွှန်တဲ့အတိုင်း ဖုံအလိပ်လိပ် ခြေထောက်တွေကို အားတင်းပြီး လျှောက်လိုက်သည်။ ဆိုင်ကယ်သမားက ဆန့်ကျင်ဘက် လိုရာခရီးကို ခရီးဆက်သွားပြီ။လမ်းမှာ ရေငတ်ရင် သောက်ဖို့ ရေသန့်ဘူးတစ်ဘူး လက်ဆောင်ပေးသွားသေးသည်။
တောရ်ိပ် တောင်ရိပ်ကိုစပြီး ခံစားမိတယ်။ နေပြောက်မထိုးတဲ့ သစ်ရိပ်တွေအောက် ကြက်တီးမွှေးညှင်းများ အလိုလိုထလာသည်။လေအဝှေ့မှာ မျောက်အော်သံလိုလို၊ ဝက်အော်သံလိုလို တစ်ချက်ချက် ခြေလှမ်းတွေ ရပ်တန့်သွားတယ်။ နေကိုမမြင်ရတဲ့ အချိန်ကို ကျနော်ဖြတ်သန်းနေ၏။ တောင်ကုန်းပေါ်မှ လမ်းမြင်ရသည်က သစ်ပင်၊တော တောင်များ ရှင်းလင်းနေတဲ့ တောင်ဂတုံးများ ကို လှမ်းမြင်ရသည်။ လူရိပ်လူရောင်များကို အဝေးက လှမ်းမြင်ရတော့ ခြေလှမ်းတွေ အလိုလို သွက်လာသည်။ ဖုံအလိပ်လိပ်တွေကြား 4×4wheel ကားတစ်စီး နောက်မှ မောင်းလာသည်ကို လှမ်းမြင်ရသည်။
အဆိုးထဲကအကောင်းဟု ဆိုရပေမည်။ 4×4wheel ေေေေနောက်ဖုံးဖွင့်ထားသည့် ကားက ကျနော့်ဘေးမှာ ထိုးရပ်သွားသည်။ကားမောင်းလာသူက တရုတ်အမျိုးသားဖြစ်သည်။ဘေးမှာခရီးသည်အမျိုးသားတစ်ယောက်ပါသည်။
“ငါ့ညီ ဘယ်သွားမလို့လဲ။ တာကောတို့က မြို့က ရိက္ခာဝယ်ပြီး ပြန်လာတာ။”
ကျတော့်ရင်ပတ်ထဲမှာ ဝမ်းသာမှုက ထုတ်ဖော်ပြသမှုမရနိုင်လောက်အောင် ဖြစ်မ်ိသွား၏။ကျနော့် အိတ်ကပ်ထဲမှ လိပ်စာကို ကားမောင်းတဲ့ တရုတ်ကြီးဆီ လှမ်းပေးလိုက်သည်။အချိန်အတော်ကြာ စဥ်းစားပြီးမှ
“ညီလေးသွားရမဲ့ အလုပ်ဆီကိုရောက်ဖို့ လမ်းလျှောက်သွားရင်တော့ လမ်းမှာ တစ်ညအိပ်ရမယ်။ တက်တက် ကားပေါ်တက်”
နောက်က ရိက္ခာထုတ်တွေကြား လူတစ်ကိုယ်စာ နေရာတစ်ခုကို ရှာတွေ့သွားပြီ။တစ်ရွာပြီးတစ်ရွာ ၊ တစ်မှော်ပြီးတစ်မှော် တောင်စောက်စောက် ဖုန်ထူထူ လမ်းတွေေပါ် မြောက်ချီ ခုန်ချီ စီးရ၏။ဖုန်အလိပ်လိပ် တောတောင် လျှိုမြောင်အထပ်ထပ် နောက်မှာ ကျန်နေရစ်သည်။ကျနော့် မျက်လုံးတွေထဲမှာ ဖုံအလိပ်လိပ် ညစ်ထေးထေး အမှိုက်တွေနဲ့အတူ အရာတစ်ခုခု တစ်ဆို့နေသည်။ကျနော့်အတွေးထဲမှာ ကားဆရာ တရုတ်ကြီးကို လေးစားနေမိတယ်။တစ်စိမ်းတစ်ရံတွေနဲ့ တော တောင်တွေကြားမှာ သူစိမ်းတစ်ယောက်ကို ကားပေါ်တင်ခေါ်ဖို့ဆိုတာ စိတ်ကောင်း နှလုံးကောင်း ရှိနိုင်မှ ဖြစ်ပေမည်။စိမ်းပြာပြာ တောင်တွေနောက် နေမင်းငုတ်လျှိုးသွားပြီ။ ကျောက်စီထားထားတဲ့ စမ်းချောင်းငယ်လေးကို ဖြတ်သန်းနေမှန်း မှုံဝါးဝါး မြင်ရ၏။ ဘတ်ထရီမီးချောင်း လင်းထိန်နေတဲ့ ကုန်စုံဆိုင်ရှေ့ရောက်တော့ ကားရပ်သွား၏။ကုန်စုံဆိုင်မှ
“ရိက္ခာဝယ်ပြန်တာ နောက်ကျလှချေလား။”
အသိမိတ်ဆွေတွေ ဖြစ်နိုင်၏။
“…..ညီလေးတစ်ယောက် လမ်းမှာ လမ်းကြုံလို့ ခေါ်လာပေးတာ။သူ့အလုပ်ရှင်ဆီကို ဖုန်းဆက်ပြီး အကြောင်းကြားပေးလိုက်ပါဦး။မိုးမှောင်နေတော့ နားချိန်မရတော့ဘူး။”
ကျွနုပ်လဲ ကားဆရာ တရုတ်ကြီးကို လေးလေးနက်နက် ကျေးဇူးတင်ကြောင်း ပြောပြီးမှ ရင်ထဲက တစ်စို့နေတဲ့ အလုံးကြီးကျ သွား၏။ ကားဆရ တရုတ်ကြီးက ကားခလဲမယူပေ။ သူ့မျက်နှာပေါ်မှာ ကူညီခွင့်ရလို့ ဝမ်းသာနေပုံပင်။
ကုန်စုံဆိုင်လေးမှ ထိုင်ခုန်တစ်ခုန် လှမ်းပေး၏။အလုပ်ရှင်ဆီ ဖုန်းလှမ်းဆက်နေသည်။အမှောင်ထဲမှာ လက်နှိပ်ဓာတ်မီး တစ်ဖြတ်ဖြတ်ဖြင့် အကြိုရောက်လာသည်။ဆိုင်မှာအချိန် ခဏတာထိုင်ပြီး ပြန်ဖို့လုပ်ကြသည်။ကျနော်ဖြတ်ခဲ့တဲ့ ကျောက်စီစမ်းချောင်းလေးကို ပြန်ပြီး ဖြတ်ရ၏။ လှေခါးထစ် တောင်စောင်းပေါ်သို့ မှောင်မှောင်မဲမဲ တစ်လှမ်းချင်း သတိဖြင့် တက်ရသည်။တောင်ပေါ်ရောက်တော့ တောရနံ့ ပန်းရနံ့ရောယှက်နေတဲ့ လေစိမ်းများ တစ်ဝကြီးရှုရှိုက်လိုက်သည်။ ခရီးပန်းလာသူမို့ စီစဥ်ပေးတဲ့ ဝါးခင်းပေါ်မှာ နှစ်နှစ်ချိုက်ချိုက် အိပ်မောကျသွားမိသည်။
ကျနော့်တစ်သက် ကြက်ဖချောင်လေးပေါ်က မှတ်သားဖွယ်ရာတွေ များခဲ့တဲ့ “ဂျိမ်းဖော အကယ်သမီ ကုမ္မတီ”
………….-.
@ကြက်ဖချောင်း